← Articles သို့ ပြန်သွားရန်
ဇာတာဖူးစာ - ၁

" ကျွန်မ ချစ်သူနဲ့ ပေါင်းသင်းရ ကံပါမပါသိချင်လို့ပါ ဆရာ"
🔹 မေးလာသူအမျိုးသမီးက အသက်က ငယ်ငယ်။ ရှိဦးတော့ နှစ်ဆယ်ဝန်းကျင်။ မွေးသက္ကရာဇ် နှင့်မွေးချိန်ပို့ပြီးသည်နှင့် မေးသည်။
ချစ်ရသူနဲ့ပေါင်းသင်းရကံပါ မပါသိချင်သတဲ့။
🔹 သူ့ဇာတာခွင်အရ သောကြာဂြိုလ်က အား ကောင်းသည်။ သောကြ်ာဂြိုလ်က ချစ်သူအိမ်ထောင် ၊ စုံမက်ဖူးစာ အကြောင်းဖြစ်သည်။ သောကြ်ာဂြိုလ်ကို တနလ်ာဂြိုလ်က ပူးတော့ အမြဲ စိတ်ဒွိဟ သဏ္ဍာန်ရှိတတ်သည်။စင်စစ် ဟောမည်ဆိုလျင် ချစ်သူနှစ်ဦးရကိန်းရှိသတတ်။ သို့ပေမယ့်လည်း ကောဇာက မူလဇာတာခွင်ရှိ သောကြ်ာဂြိုလ်မှာပဲရှိသည်။သည်တော့ ကျွန်တော် ဟောချက်ပြောင်းရသည်။
"အိမ်ထောင်ကျတော့မယ် ၊ အခု ဇာတာရှင်က နှစ်ယောက်ထဲက ဘယ်သူ့ကိုရွေးရမှန်းမသိဖြစ်နေတယ် ၊ ဟုတ်စ"
🔹သူက မျက်ပြူဆံခက်နှင့်ကြည့်သည်။ပြီးမှ မျက်လုဲးကလေး ပေကလပ်ပေကလပ်နှင့်။ ရှက်သွေးဖြာသွားသလို။ ခေါင်းလေးငုံ့ပြီးမှ ပြောရှာသည်။
"ဟိုတ်တယ်ဆရာ။ တစ်ယောက်က သူ့ဘက်က ဇွတ်ကြိုက်နေတာ။ ကျွန်မ နဲ့ချစ်ကြိုက်နေတာ တစ်ယောက်"
ဇာတ်လမ်းက ရိုမီယို ၊ ဂျူးလိယက်ဆန်ဆန်တော့မဟုတ်။ ကျွန်တော်က ဇာတာကိုကြည့်ပြီး တစ်ခွန်းထပ်ဖြည့်သည်။
"ချစ်သူနဲ့ မကြင်ရ ၊ မချစ်သူနဲ့ ကြင်ရမယ့် ဇာတာ။ ရုပ်ချောသဘောကောင်းပြီး ချမ်းသာတဲ့သူနဲ့ရမယ့်ဇာတာဖြစ်တယ်"
🔹 ဒီတော့မှ အမျိုးသမီးငယ်က ခေါင်းမော့ရင်ကော့ပြီး ကျွန်တော့်ကို စိုက်ကြည့်သည်။
"ဟုတ်လား ဆရာ"
🔹 တအံ့တသြဖြင့်မေးသည့်ပုံစံပေါက်နေသော်လည်း တစ်စုံတစ်ခုကို စဥ်းစားဟန်ပြုပြီးမှ မေးသည်။
"ဆရာ။ညီမ ချစ်သူက ချမ်းသာတယ်။ ရုပ်လည်း ချာ။သဘောလည်းကောင်း။ညီမကို ဇွတ်တရွတ်ကပ်နေတဲ့သူက မချမ်းသာဘူး။ဆင်းရဲတယ်။ပညာတော့ တက််တယ် ဆရာ။ဆေးကျောင်းတက်နေတာ"
🔹 ဤတွင် ဗေဒင်ဆရာ ကျွန်တော် ခေါင်းကျိန်းပြီ။ ဇာတာကိုထပ်စစ်ရပြန်သည်။ ဟုတ်သည်ပေါ့။ သောကြာဂြိုလ် သမသတ်တွင် ကြာသပတေးဂြိုလ်က သီးခြားရပ်တည်သည်။
"ညီမက အဲ့ဒီဆေးကျောင်းသားနဲ့ပဲရမှာ။ညီမ ချစ်နေတဲ့သူနဲ့ လမ်းခွဲရမယ့်ဇာတာဖြစ်နေတယ်"
"ညီမ ချစ်သူနဲ့ အဆင်ပြေအောင် လုပ်ပေးလို့မရဘူးလား"
🔹 သူက တဇွတ်ထိုးမေးသည်။ ယတြာတောင်းသည့်သဘော။ အများစုလုပ်နေကျပုံစံအရဆိုလျင် တတြာပေး ၊ ပူဇော်ခ တောင်း၍ ပြန်လွတ်လိုက်ရင် ရပြီ။သို့သော် ကျွန်တော်က ခေါင်းမာသည်။ ပညာရပ်အရ ကျွန်တော်ယုံကြည်လက်ခံထားသည့် ဆေးကျောင်းသားနှင့် ရမှဖြစ်မည်။ ရမည်ဟုလည်း ပြနေသည်။ သို့သော် သူက ဆေးကျောင်းသားနှင့် မယူချင်။သူနှင့်တွဲနေသည့် ချစ်သူနှင့်သာ လက်တွဲသွားချင်သည်။
တစ်ခါတရံ ကံအကျိုးပေးတွေက ထူးဆန်းသည်။ မထင်ထားသည့် သဘောအကွေ့တွေ လူတို့ ကြုံကြရ၏။ ဗေဒင်ပညာက ထိုအရာများကိုမြင်သည်။
" ယတြာပေးလည်း မရဘူး။သေချာပေါက် အဲ့ဒီဆေးကျောင်းသားကောင်လေးနဲ့ပဲရမှာ"
🔹 ကျွန်တော်ဟောတာသဘောမကျပေမယ့်လည်း ထိုအမျိုးသမီးက ပြုံးစီစီဖြင့် ညဏ်ပူဇော်ခ ပေးပြီး ပြန်သွားသည်။
🔹 ခြောက်လဝန်းကျင်ခန့်ကြာတော့ သူက ကျွန်တော့်ကို ဖုန်းဆက်ပြီး အိမ်ရောက်လာသည်။
"မဂ်လာဆောင်ဖိတ်စာလာပို့တာပါဆရာ"
🔹 ဤအချိန်အထိ သူနှင့်လက်ထပ်တော့မည့်သူမှာ မည်သူမှန်းမသိသေး။ ကျွန်တော်က အိမ်လာတော့ လက်ဖက်ရည်ဧည့်ခံရင်း မေးသည်။
"ညီမ ချစ်သူနဲ့ အဆင်ပြေသွားပြီဆိုပါတော့"
"ဟုတ်ဆရာ"
🔹 သူ့အဖြေကြားတော့ သွားပြီ။ ငါ့ဟောချက်မှားပြီ။သို့သော် မသိမသာမျက်နှာထားပြင်ရင်း
"ဂုဏ်ယူပါတယ်။ ဆရာ ဘာလုပ်ပေးရမလဲ"
"ဟိုလေ ဆရာ။ ညီမ အခု.... ယူမယ့်ကောင်လေးက ဆရာပြောတဲ့ဆေးကျောင်းသားနဲ့..."
"ဟေ။ဟုတ်လား။ဟိုတစ်ယောက်နဲ့မဟုတ်ဘူးလား"
🔹 သူက ရှက်ပြုံးလေးပြုံးရင်း ဖြေသည်။
"သူနဲ့က အဆင်မပြေလို့ လမ်းခွဲခဲ့ကြတယ်ဆရာ။အဲ့ဒါ ညီမ ၊ သူနဲ့အိမ်ထောင်ရေးမှာ ရည်ရှည်အဆင်ပြေနိုင်မပြေနိုင်သိချင်တာ"
"ဇာတာစစ်စရာမလိုတော့ဘူးလေ ညီမ။ဇာတာဖူးစာဆိုတာ ဒါမျိုးကိုခေါ်တာ။ကံဇာတာအရ ဖူးစာပါနေရင် ရှောင်လွဲလို့မရဘူး။ဆုံမှာပဲ။ အဆင်ပြေလို့လည်း ဆုံကြတာမဟုတ်လား။ ဆရာကြည့်ပေးလို့ရမှာက ရည်ရှည်လက်တွဲ ကြရင် စီးပွားရေးကောင်းနိုင်မကောင်း နိုင်ပဲ စစ်ပေးတော့မယ်"
"ဟုတ်ဆရာ။ ညီမလည်း အဲ့ဒါပဲသိချင်တာပါ"
🔹 ဤသို့ဖြင့် နှစ်ဦးနှစ်ဖက်စုံမက်ကြသည့် ဇာတာခွင်များကို စစ်ဆေး၍ ဟောစရာရှိတာဟောပေးလိုက်သည်။
မည်သို့ပင်ဆိုစေ ဇာတာဖူးစာစုံမက်လျင် ရှောင်လွဲ၍ မရသည်မှာ ဓမ္မတာတည့်။
--------
#ဗေဒသုတေသီဆရာမင်းဒဿ
