← Articles သို့ ပြန်သွားရန်

အိမ်ထောင်ရေးထောင်ချောက် - (၁)

အိမ်ထောင်ရေးထောင်ချောက် - (၁)
#ဗေဒသုတေသီဆရာမင်းဒဿ #ဇာတာဖူးစာ #အိမ်ထောင်ရေးထောင်ချောက် ဇာတာဖူးစာလာစစ်ကြသည့်ဇာတာရှင်များထဲက သူတို့ဇာတာအကြောင်းတွေ ဆန်းစစ်ကြည့်လျင် ရာသီခွင်တို့၏သက်ရောက်ထက် မူလဇာတာရှိ ဇာတာ ရပ်တည်မူ တို့၏အားပြိုင်မူများကိုသတိထားကြည့်မိသည်။ ဇာတာဖူးစာ၏အဆက်ဖြစ်သည့် အိမ်ထောင်ရေးထောင်ချောက် စာမူများက်ိုရေးသားရာတွင် ဇာတာရှင်တို့၏ဇာတ်ကြောင်းများကို ဇာတာများကဖော်ပြသည့် ရာသီခွင်သဘောတရားများအပေါ်မူတည်၍ တင်ပြဆွေးနွေးသွားရန်ရည်ရွယ်ကာ ဤစာမူကိုရေးသားလိုက်ခြင်းသာဖြစ်သည်။ စင်စစ် ကျွန်တော်သည်ပညာရှင်တစ်​ယောက်မဟုတ်ကြောင်းနှင့် သုတေသနပြုလေ့လာအားထုတ်ရသည်များက်ိုဝါသနာပါ၍သာရေးသားခြင်းဖြစ်သော​ကြောင့် လိုအပ်ချက်များလည်းရှိနေနိုင်သည်။ များသောအားဖြင့်ဇာတာ ဖူးစာမေးလျင် ဇာတာအပေါ်မြင်တွေ့ရသည့် သက်ရောက်ပေါ်အခြေခံ၍ ဟောရသည် ဆိုပေမင့် မူလ ဇာတာဖြစ်တည်မူ အပေါင်းကိုတော့ချန်လှပ်ထား၍မရပါ။ ထိုဇာတာရှင်များတွင် အိမ်ထောင်ရေးထောင်ချောက် (Marrital Status Trap) ရှိနေတတ်သည့်ဇာတာ များကို မကြာခန တွေ့ရတတ်သည်။ စင်စစ် ဤဇာတာရှင်များသည် အိမ်ထောင်ရေးကံမကောင်းကြသူများဖြစ်၏။ မကြာခန ထောင်ချောက်ထဲကျဆင်းနေရသည့်နှယ်။ အကြောင်းမှာ မူလဇာတာရှိ သဘာပတိဂြိုလ်၊ သောကြာဂြိုလ်၊ ကြာသပတေးဂြိုလ်တို့သည် ဂြိုလ်ဆိုးများဖြစ်သည့် စနေဂြိုလ်၊ရာဟုဂြိုလ်နှင့် အင်္ဂါဂြိုလ်တို့ ရာသီခွင်တစ်ခုတည်းမှာ အတူတကွရပ်တည်ရှင်သန်နေတတ်ပြီး ၄င်းတို့၏ရပ်တည်မူတို့တွင် ကောဇာသက်ရောက်သည့် ဂြိုလ်ဆိုးတို့သက်ရောက်ချိန်တို့တွင် Marrital Status Trap ဖြစ်ပေါ်တတ်သည့်ကာလအပိုင်းအခြားဟု ဆိုရမည်ဖြစ်သည်။ တစ်နေ့ကဖြစ်သည်။ သူတို့နှစ်ဦး၏ဇာတာတစ်စုံကိုတိုက်စစ်ကြည့်ရင်း ဖြစ်ကြောင်းကုန်စင်ကိုတွေးလျက် သုံးသပ်မိသည်။ ထိုနေ့က မိုးထစ်ချုန်းရွာ၏။ "ကျွန်မက ကလေးကို သူ့ဆီသွားပို့ရတယ်ဆရာ။ သူက ကျွန်မကို အတွေ့မခံဘူး။ ကျွန်မကိုစိတ်နာတယ်။ နောင်လည်း မပတ်သက်ချင်ဘူးလို့ပြောတယ်ဆရာ။ ပြီးတော့ ကွာရှင်းခွင့်လည်းတောင်းထားတယ်" စင်စစ် သူတို့နှစ်ဦး၏ဇာတာအရ အမျိုးသား၏ဇာတာတွင် မူလဇာတာရှိ ရာဟုဂြိုလ်ကို ရာဟုဂြိုလ်သက်ရောက်သည့်ကာလဖြစ်သည်။ ထိုသို့သော ကာလတွင် စိတ်ဖိစီးမူများတတ်ခြင်း၊ စိတ်သောကဗျာပါဓများတတ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားနည်းချက်တို့ကြုံရတတ်သည့်ကာလဖြစ်သည်။ တနင်္ဂနွေဂြိုလ်၊သောကြာဂြိုလ်တို့ကို ကြာသပတေးဂြိုလ်သက်ရောက် နေသည်မို့ အိမ်ထောင်ရေးပဋိပက္ခတွင် အမျိုးသားဘက်မှပြသနာရှိနေနိုင်သည့် ကာလဖြစ်သည်။ အထူးသဖြင့် အခြားအိမ်ထောင်ဖက်တစ်ဦးရှိနေနိုင်သည့်ကာလ။ သို့သော်လည်း တစ်ဆက်တည်းမှာပဲ ရာဟုဂြိုလ်သက်ရောက်ဖြင့် ယှဥ်တွဲကြည့်ပြန်လျင် အိမ်ထောင်ရေးသုခ(Sex Satisfaction) အပြည့်အဝခံစားမူမရ၍ ဤပြသနာမျိုးဖြစ်ပေါ်တတ်ပြန် သည်။ စိတ်ဖိစီးမူကြောင့်ဖြစ်ပေါ်တတ်သည့် အိမ်ထောင်ရေးပြသနာဟုဆိုထားရာ Marital Status Trap မိနေခြင်းဟုဆိုနိုင်သည်။ တဖန်အမျိုးသမီးဖြစ်သူ၏ ဇာတာအရ မူလဇာတာရှိ မိဿာရာသီတွင် သောကြာဂြိုလ်ကရပ်တည်နေပြီး ရာဟုသက်ရောက်နှင့် မကာရရာသီရှိ စနေဂြိုလ်နှင့်ရာဟုဂြိုလ်ကို စနေဂြိုလ်သက်ရောက်နေပြန်သည်။ဤ အချက်ကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးသည် အိမ် ထောင်ကွဲရန်၊ အိမ်ထောင်ရှင်နှင့်ကွာရှင်းရန်အကြောင်း ခြင်းရာဖြစ်တည်နေ၏။စင်စစ် အိမ် ထောင်ရေးထောင် ခြောက်ပေတည်း။ ဆိုတော့ ကွာရှင်းခွင့်တောင်းထားသည့်အချိန်ကာလသည် လွန်ခဲ့သောသုံးနှစ်ကတည်းက ဖြစ်သည်။အမျိုးသမီး၏ဇာတာတွင် တနင်္ဂနွေဂြိုလ်နှင့်ကြာသပတေးဂြိုလ်ကိုရာဟုသက်ရောက်သည့် လွန်ခဲ့သောသုံးနှစ်တာကာလ။ထိုကာလမှစ၍ အိမ်ထောင်ရေးထောင်ချောက်ဟုဆိုသည့် ပဋိပက္ခဖြစ်စဥ်တို့သည် အစပျိုးခဲ့သည်။ "ကျွန်မ လွှတ်ချချင်စိတ်ဖြစ်နေတယ်ဆရာ။ ကျွန်မသားရဲ့မျက်နှာကြောင့် လွှတ်ချချင်စိတ်ကိုထိန်းနေတာပါ " ကျွန်တော်၏တစ်ဦးတည်း ပုဂ္ဂလသုံးသပ်ချက်အရဆိုရလျင် မူလဇာတာရှိကောဇာဂြိုလ်သက်ရောက်မူကုန်လွန်ချိန်အထိစိတ်ရှည်ဖို့လိုသည်။ စနေဂြိုလ်ကိုစနေဂြိုလ်သက်ရောက်သည့်ကာလက တစ်နှစ်ခွဲထပ်လိုနေသေးသည်။ သည်တော့ အမျိုးသမီးက - တစ်နှစ်ခွဲကြာကာလကို စိတ်ရှည်သီးခံလျက်စောင့်နိုင်မည်လား? - မစောင့်နိုင်ပဲ လွှတ်ချလေမည်လား အမျိုးသားကကော ၄င်း၏ကြာသပတေးဂြိုလ်စနေသက်ရောက်မည်မို့ နောက်ထပ်နှစ်နှစ်ခန့် စိတ်ဖိစီးမူပြသနာ၊ အိမ်ထောင်ရေးပြသနာကြုံရဖို့ရှိနေပြန်သည်။ သည်တော့ သူကကော ထိုထိုကာလအထိ ၄င်း၏အမျိုးသမီးအပေါ် - နားလည်မူရှိလာနိုင်မည်လော - သို့တည်းမဟုတ် ပို၍စိုးဝါးသောပြသနာမျိုးကိုဖန်တီးမည်လော။ အစရှိသည့်မေးခွန်းများစွာမေးစရာရှိနေပေလိမ့်မယ်။ - သူတို့ဘယ်တော့အဆင်ပြေကြမှာလဲ။ - ရှေ့ဆက်ရင်အဆင်ပြေပါ့မလား။ - ကွာရှင်းလိုက်တာနဲ့ဒီပြသနာကပြီးဆုံးသွားမှာလား။ အမှန်တကယ်တော့ ထိုမေးခွန်းများသည် ဇာတာရှင်တို့နှစ်ယောက်တွေးကြမည့်မေးခွန်းများသာဖြစ်သည်။ စနေဂြိုလ်နှင့်ရာဟုဂြိုလ်မွှေပြီဆိုလျင် ပဋိပက္ခဖြစ်စဥ်တို့သည် တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာတတ် သည်။ သူတို့ဒဏ်ကိုကြံ့ကြံ့ခံနိုင်ခြင်းက အဖြေဖြစ် သည်။ ဒီအချိန်မှာ ကုသိုလ်ကောင်းမူများစွာပြုလုပ်ခြင်း၊ တရားထိုင်​ခြင်း ၊တရားနာခြင်းတို့ကသာစိတ်ကိုသက်သာရာရစေမည်ဖြစ်သလို လွန်မြောက်ရန်အ ကြောင်း တရား ကလည်း ခံနိုင်ရည်စွမ်းရှိနေဖို့လိုသည်။ စနေဂြိုလ်စီးလျင် ထိုင်နေသည့်ငုတ်ပါပျောက်တတ်သည်ဟုဆိုကြ၏။ အိမ်ထောင်ရေးထောင်ချောက်မိနေသည့်အချိန်တွင် အချိန်တိုအတွင်း ပြသနာကိုဖြေရှင်း၍မရ။ မိမိလွှတ်ချလိုက်သည်နှင့် ဂြိုလ်ဆိုးတို့၏အခွင့်အရေးကပိုသာသွားတတ်ကြောင်း သုံးသပ်မိသည်။ ဆိုတော့ အထက်ပါမေးခွန်းများ၏အဖြေကိုပြောရလျင် မူလဇာတာရှိ စနေဂြိုလ်နှင့်ရာဟုဂြိုလ်တို့၏ သက်ရောက် ကို ဒူပေဒဏ်ပေခံနိုင်ဖို့ကအရေးကြီးသည်ဟုသုံးသပ်မိပါကြောင်း။ အိမ်ထောင်ရေးထောင်ချောက်တွင် - စိတ်ဖိစီးမူလွန်ကဲစေသည့် သက်ရောက်ဂြိုလ်များသည် မူလဇာတာရှိအိမ်ထောင်ရေးဂြိုလ်များအပေါ်သက်ရောက်၍ ဇာတာရှင်များ၏ကံအကြောင်းတရားပေါ်လှုပ်ခက်လေ့ရှိကြောင်း လေ့လာမှတ်သားသုံးသပ်လိုက်ရပါသည်။ #ဗေဒသုတေသီဆရာမင်းဒဿ